Fire Protection System for Steel Structures
Steel Structure တွေ အတွက် RC နဲ့ယှဉ်ရင် အဓိအားနည်းတဲ့အချက်က မီးလောင်ဒဏ်ကြာရှည်မခံနိုင်တာပဲ . . .
တော်ရုံမီးလောင်တာလောက်ကို RC Structure တွေက ခံနိုင်ရည်ရှိပေမယ့် steel structure တွေကြတော့ မီးလောင်တာနဲ့ အပူကြောင့် အဆောက်အဦးရဲ့ အဓိက structure တွေဖြစ်တဲ့ steel column တွေ၊ beam တွေ ကွေးညွှတ်ပျက်ဆီးပြီး အဆောက်အဦးကြီး တစ်ခုလုံး ပြိုလဲ၊ ပျက်ဆီးတတ်တာပါပဲ။
ဒီတော့ မီးဒဏ်ခံနိုင်ရည်နည်းတဲ့ steel column တွေ beam တွေကို နည်းပညာအကူအညီသုံးပြီး ကာကွယ်ပေးရပါတယ်။
![](https://i0.wp.com/www.trigonalsystem.com/wp-content/uploads/2021/05/sf1.jpg?resize=1024%2C768&ssl=1)
မီးဘေးကြုံလာခဲ့ရင် အဆောက်အဦးထဲကနေ လူတွေ ထွက်ပြေးဖို့ လုံလောက်တဲ့ အချိန်ရအောင်ရယ်၊ မီးသတ်စနစ်တွေ၊ မီးသတ်သမားတွေ ရောက်လာပြီး ငြိမ်းသတ်တဲ့အချိန်ထိ တောင့်ခံနိုင်ဖို့ အချိန်တစ်ခု သတ်မှတ်ပြီး steel member တွေကို protection လုပ်ထားရပါတယ်။
![](https://i0.wp.com/www.trigonalsystem.com/wp-content/uploads/2021/05/sf2.jpg?resize=1024%2C768&ssl=1)
![](https://i0.wp.com/www.trigonalsystem.com/wp-content/uploads/2021/05/sf4.jpg?resize=1024%2C768&ssl=1)
ဒီဟာကတော့ စင်ကာပူက လုပ်ငန်းခွင်တစ်ခုမှာ အနည်းဆုံး (၂) နာရီကြာ မီးဒဏ်ခံ (2 hours fire-rated) ဖြစ်အောင် Vermiculite spraying (Fire Resistant) လုပ်နေပုံပါ။
![](https://i0.wp.com/www.trigonalsystem.com/wp-content/uploads/2021/05/sf3.jpg?resize=1024%2C768&ssl=1)
protection လုပ်မယ့် steel မျက်နှာပြင်တွေကို သန့်ရှင်းရေးအရင်လုပ်ပြီး Vermiculite နဲ့ Portland cement ရောနှောထားတဲ့ ready-mixed အမှုန့်တွေကို ရေနဲ့ ဖျော်ပြီး spray စက်နဲ့ မှုတ်တဲ့ ပုံစံပါ။
– – – – – – – – – – – – – – – – – – – – – – – – – – – – – –
– – – – – – – – – – – – – – – – – – – – – – – – – – – – – –